ဆီဆိုင် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထိရောက်မှုရှိစေရေးအတွက် ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Tesk Kit အခမဲ့စစ်ဆေးပေးခြင်းကို နိုဝင်ဘာဘာ ၃ ရက် နံနက် ၉ နာရီက တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ စုပေါင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က Local Semi-Lockdown သတ်မှတ်ကာလအတွင်း ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT)Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)


