မုံရွာ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် ရောဂါကူးစက်မှုမရှိစေရေး၊ ကျောင်းဝင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ခြင်းနှင့် ကျောင်းဝင်းအတွင်း လက်ဆေးဘေစင်များတွင် လက်ဆေးခြင်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များအတွင်း ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု အားပေးပြီး ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ခန္တီး) ကျောင်းခန်းမသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက သင်ကြားပေးလျက်ရှိသော ဘာသာရပ်များနှင့် ကျောင်းသားနှင့် ဆရာအချိုး၊ ကာလတိုသင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်းပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အလျား ၇၈ ပေ၊ အနံ ၉၄ ပေ၊ (၄)ခန်းတွဲ၊ (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ ကမ်းနားလမ်းတာဘောင် အရှည် ၃၅၀၀ ပေ၊ အကျယ် ၁၂ ပေ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခန္တီးမြို့နေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေကို သက်သာသောဈေးနှုန်းဖြင့် လုံလောက်စွာ ဖြန့်ဝေပေးရေး၊ ရေစုပ်တင်ရာတွင် ဆိုလာစနစ်ဖြင့် ဆောင်ရွက်စေရေး၊ ရေပေးဝေခအား ကောက်ခံရာတွင် ကြိုတင်ငွေ ဖြည့်စနစ်ဖြင့် ဆောင်ရွက်ရေးတို့ကို မှာကြားကာ ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေသိုလှောင်ကန်နှင့် မီးစက်အဆောက်အဦတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)