နေပြည်တော် နိုဝင်ဘာ ၄

သင်္ဃန်းကျွန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ရပ်ကွက်၊ ငမိုးရိပ် (၆) လမ်းနေ မြတ်ပိုင်စိုး (၃၅) နှစ်၏ နေအိမ်အား သတင်းအရဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲ စမ်းချောင်းမြို့နယ်၊ လင်းလွန်း (တောင်) ရပ်ကွက်၊ လင်းလွန်းလမ်းနေ ချစ်ကိုနိုင် (ခ) ရွှေငါး (၃၁) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၆,၀၀၀ နှင့် Isuzu မော်တော်ယာဉ်တစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၆,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်