တီဟီရန် နိုဝင်ဘာ ၅
အီရန်နျူကလီးယား အဆင့်မြင့်ညှိနှိုင်းရေးမှူး အလီဘာဂီရီကာနီ က ယခင်က ဘက်ပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ရေးလုပ်ငန်း အစီအစဉ် (ဂျေစီပီအိုအေ) ဟု ခေါ်သည့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက် ပြန်လည် အသက်ဝင်ရန် ဗီယင်နာနျူကလီးယား ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်သွား မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။
တီဟီရန်နှင့် ဘရပ်ဆဲလ်ရှိ ဥရောပပြည်ပရေးရာ ဆောင်ရွက်မှုလုပ်ငန်း ဒုတိယအတွင်းရေးမှူးချုပ် အန်းရစ်မိုရာနှင့် ဖုန်းပြောဆို ပြီးနောက် မိမိတို့သည် ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများကို ဗီယင်နာ တွင် နိုဝင်ဘာ ၂၉ ရက်တွင် စတင်ရန် သဘောတူခဲ့ကြောင်း ဘာဂီရီ ကာနီက ပြောကြားလိုက်သည်။
ဘာဂီရီကာနီနှင့် မိုရာတို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုပြီးနောက် အီရန်နှင့် ဥရောပ သမဂ္ဂတို့သည် ဆွေးနွေးပွဲကို နိုဝင်ဘာတွင် ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။
အီရန်အစိုးရအဖွဲ့ အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ဇွန်လကတည်းက ရပ်ဆိုင်းခဲ့ရသော နျူကလီးယား ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် ပြန်လည် စတင်မည်ဖြစ်ရာ အဆိုပါအစည်းအဝေး၌ ဂျေစီပီအိုအေကို အပြည့်အဝ အကောင်အထည်ဖော်ရေးနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် အဓိကဆွေးနွေးမည့် အကြောင်းအရာများ ဖြစ်လိမ့်မည် ဖြစ်သည်။
ဆင်ဟွာ