ခရမ်း နိုဝင်ဘာ ၅

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက်  ၇ နာရီတွင် ခရမ်းမြို့နယ်၊ ဇီးဖြူပင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရေကျော်ကျေးရွာနှင့် ဘုရားပျိုကျေးရွာတို့တွင်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက   ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ဇီးဖြူပင်ကျေးရွာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅)ဦး ၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၆)ဦး၊ ရေကျော်ကျေးရွာတွင် အသက်(၁၀ )နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ( ၄၀ )၊   ( ၁၈ )နှစ်ပြည့် ( ၅၁ )ဦး၊ ဘုရားပျိုကျေးရွာတွင် အသက်(၁၀)နှစ်ပြည့်(၆ )ဦး၊( ၁၈ ) နှစ်ပြည့် ( ၃၆ )ဦး စုစုပေါင်းကျေးရွာ ၃ ရွာမှနိုင်ငံသားကတ်ကိုင်ဆောင်ခွင့်ရရှိသူ စုစုပေါင်း (၂၆၄ ) ဦး တို့ကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါအခန်းအနားသို့ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ နိုင်ငံသားကတ်ပြားများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကိုမင်း ( ခရမ်း )