မော်လမြိုင် နိုဝင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) လုပ်ငန်းများကို နှစ်စဉ်တိုးမြှင့်ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၁ - ၂၀၂၂ ပထမ(၆)လ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်း မြို့နယ်ခြောက် မြို့နယ်ရှိ ကျေးရွာ(၂၅)ရွာ၌ ငွေကျပ်သိန်း(၂၅၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဉီးအေးနိုင်က ပြောသည်။
ထိုသို့ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း (၁၀၀)စီဖြင့် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ကျေးရွာ(၁)ရွာ၊ မုံဒုံမြို့နယ်တွင်ကျေးရွာ(၄)ရွာ၊ သံဖြူဇရပ်မြို့နယ်တွင်ကျေးရွာ(၄)ရွာ၊ ကျိုက်မရောမြို့နယ်တွင် ကျေးရွာ (၆)ရွာ၊ ချောင်းဆုံမြို့နယ်တွင်ကျေးရွာ (၆)ရွာ၊ ရေးမြို့နယ်တွင်ကျေးရွာ(၄)ရွာ၊စုစုပေါင်းကျေး ရွာ(၂၅)ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်ရွေးချယ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဉီးစီးဌာနများမှ ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာများတွင်နိုင်ငံတော်မှ ထောက်ပံ့ငွေကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ၏အမှန်တကယ်လိုအပ်နေသောကျေး ရွာသူ၊ကျေး ရွာသားများ ကိုယ်တိုင်စီမံချက်ချမှတ် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ၊ ရေ ရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျေးရွာခန်းမများစသည့် လုပ်ငန်းများကို ခရိုင်အတွင်းရှိ ကျေးရွာပေါင်း(၂၃၈)ရွာတွင် လုပ်ငန်းပေါင်း(၂၅၀)တို့အား ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဉီးအေးနိုင် ၏ပြောပြချက်အရ သိရသည်။
မြင့်ဉီး(မြိတ်)


