ကြံခင်း  နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ်(၆)လတာအတွက် အနှေးယာဉ်(ဆိုက္ကား)လိုင်စင်သက်တမ်းတိုးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း အနှေးယာဉ်(ဆိုက္ကား) (၃၅၃)စီးရှိပြီး၊ သက်တမ်းတိုးကာလမှာ(၆)လဖြစ်ကြောင်း၊ သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို  နိုဝင်ဘာ ၃၀ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှုးဒေါ်ခင်သန္တာထိုက်နှင့် တာဝန်ရှိသူများက သက်တမ်းတိုးရန်လာရောက်သော အနှေးယာဉ်(ဆိုက္ကား)များအား စည်းကမ်းချက်နှင့်အညီ ပြည့်စုံစွာဆောင်ရွက်ထားမှုရှိ/မရှိအား စစ်ဆေးပြီး လိုင်စင်သက်တမ်းတိုးခြင်းကို အနှေးယာဉ်(ဆိုက္ကား ) (၁၀၀)စီးအားဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အနှေးယာဉ်(ဆိုက္ကား)များကိုလည်း ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)