တွံတေး နိုဝင်ဘာ ၅
ကျေးလက်နေပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်ရှိန် မြင့်မားတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာနှင့် ပုသိမ်ကျေးရွာရှိ ကျေးလက်စာကြည့်တိုက်များ ကိုဗစ် -၁၉ကာလ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါစာကြည့်တိုက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်ရေရှည်တည်တံ့ရေး၊ စာအုပ်စာစောင်တိုးပွားရေး၊ ခိုင်မာသော စာကြည့်တိုက်ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြီး စာကြည့်တိုက်များကို နိုဝင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျေးရွာသူ / ကျေးရွာသားများအား စာငှားခြင်း / စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်


