မိတ္ထီလာ၊ နိုဝင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင်   ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်း ၂၉၀ ကျော်ဖြင့် ကျေးရွာတစ်ဆယ့်တစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ် ၂၉၆.၁၆၃ သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ (၁၁)ရွာတွင်  စက်ရေတွင်း တူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊  အုတ်ရေကန်တည်ဆောက်ခြင်း၊ ၄၀၀ဗို့အားလိုင်း သွယ်တန်းခြင်း၊ မီတာတပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၃)ရွာ ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၃)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၂)ရွာတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

                

သိန်းမြင့်ကျော်(မိတ္ထီလာ)