ရမည်းသင်း   နိုဝင်ဘာ  ၅

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ ၌ နိုဝင်ဘာ ၅ရက်နံနက် ၉နာရီခွဲက နို၀င်ဘာလ (၂၈) ရက်နေ့တွင် ကျရောက် မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် ဟောပြောပွဲနှင့်  ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး အစီအစဉ်ကို  ရှင်းလင်းပြောကြားပြီး ပျော်ဘွယ်မြို့နယ် ဦးစီးမှူးဒေါ်စန်းစန်းကြူ က မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲများ ကျင်းပရန် ညှိနှိုင်းဆောင်ရွက်ထားခြင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)