ဆီဆိုင် နိုဝင်ဘာ ၅

           

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို အောက်တိုဘာ       ၅ ရက် နေ့မှ  စတင်ထုတ်လုပ်ခဲ့ရာ နိုဝင်ဘာ ၅ ရက် နံနက်အချိန်ထိ ၄၀လီတာဆံ့ အောက်ဆီဂျင်အိုး (၄၀၆)အိုးခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးများသို့ နေ့စဉ်ပုံမှန် ဖြည့်ဆည်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

           

အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀)ထွက်ရှိပြီး မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏  ကျန်းမာရေးစောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့် တပြေးညီအခမဲ့ဖြည့်ဆည်း ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)