ဘားအံ နိုဝင်ဘာ ၅ 

 

၆၆ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို နိုဝင်ဘာလ ၇ ရက်   နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် စည်ကားစွာ ကျင်းပမည်ဖြစ်သည်။ 

 

 

တွဲဆိုင်းပေါင်း ၃၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး နယ်စုံဒေသစုံမှ ကလပ်သင်းပေါင်းများစွာ ပါဝင်ဆင်နွှဲကြမည့် စိန်ခေါ်ပွဲကြီးလည်းဖြစ်သည်။ 

 

 

အဓိက တွဲဆိုင်းအနေဖြင့် - သွေးသစ်ဝင်းလှိုင် (Family) နှင့် ရွှေခလိန်းမီး (ဘိလပ်မြေစက်ရုံ)တို့ တွဲဆိုင်း ဖြစ်သည်။

 

 

အခြားတွဲဆိုင်းများမှာ  သွေးသစ်ဝင်းလှိုင် (Family နှင့် ရွှေခလိန်းမီး (ဘိလပ်မြေ စက်ရုံ)၊ ကြယ်လင်းအောင် (တောင်ကလေး )နှင့်  ရန်နိုင်ထွန်း (ဇွဲကပင်မြေ )၊ သပြေညို (ဘိလပ်မြေစက်ရုံ )နှင့် ရဲသွေးနီ (တောင်ကလေး)၊ ကျားပေါက် (ရန်စစ်ငြိမ်း )နှင့် စောမင်းအောင် (တောင်ကလေး)၊ မိုက်ရိုင်း (ရွှေဖူး )နှင့်ပတ်ကျော်လင်းနိုင်(တိုက်ဂါး)၊ အောင်ခိုင် (ဘိလပ်မြေစက်ရုံ ) နှင့် နေထူးထူး (တောင်ကလေး )၊စောမင်းနိုင် (သုံးပန်လှ ) နှင့် အောင်နေထူး (တောင်ကလေး) ၊ ရွှေမင်းရာဇာ (နဂါးမင်း) နှင့် ဆန်းသူဦး (အဲကညော)၊ ရွှေထွန်းယုံ(ရန်စစ်ငြိမ်း) နှင့်  နက္ခတ်အောင်(ဇွဲကပင်မြေ )၊ မိုးထက်အောင် (Family ) နှင့် မိုးမှောင် (ဘိလပ်မြေစက်ရုံ)၊  အဲဗွီး (နဂါးမင်း) နှင့် ဘဟိန်း (ဘိလက်မြေစက်ရုံ)၊ လွမ်ချိုင်း (Family ) နှင့်စောသားငယ် (ရွှေဖူး)၊ စိုးဝင်းသန်း(ရန်စစ်ငြိမ်း) နှင့် နေရိုင်း (ဓမ္မဟေဝန်)၊ အောင်ရဲလင်း (တိုက်ဂါး ) နှင့် စောနိုင်ထွန်း(ရန်စစ်ငြိမ်း )၊ စည်သူအောင် (အဲကညော) နှင့် ရွှေချစ်အောင် (တိုက်ဂါး )တို့တွဲဆိုင်းများအပါအဝင် တွဲဆိုင်း ၃၂ ဆိုင်းဖြင့် သူနိုင်ကိုယ်နိုင်အပြိုင် ထိုးသတ်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

 

ခင်ခင်ဝင်း (ပညာရေး)