မြစ်သား နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  ကူမဲမြို့အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက်  မြို့အတွင်းလျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးထားသော ဓါတ်အားလိုင်းတစ်လျှောက်တွင် ကူမဲမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် သာမန်ငွေစာရင်းခေါင်းစဉ်မှ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းကျဆင်းရေး ပြည်သူများဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ရှုပ်ထွေးဆားဗစ်ရှင်းလင်းရန် ၄၀၀ဗို့ ဓာတ်အားလိုင်း ပေ (၃၂၃၀) အသစ် တည်ဆောက်ခြင်းနှင့် သေးငယ်သောကြိုးများအား ကြိုးအကြီးများဖြင့် ပေ(၉၇၉၀) အသစ်လဲလှယ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျခုတ်ထွင် ရှင်းလင်းခြင်း၊ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင် မှုအားနည်းနေသော ကြွေသီးများအစားထိုး အသစ်လဲလှယ်ခြင်းစသည့် လုပ်ငန်းများကို  ကူမဲမြို့လျှပ်စစ် အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ဆောင်ရွက်ခြင်းဖြစ်သည်။

ကူမဲမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ် အားလိုင်းများကြံ့ခိုင်ကောင်းမွန်အောင် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများတွင် မီးရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကူမဲမြို့လျှပ်စစ် အင်ဂျင်နီယာထံမ သိရသည်။

မြမြမွန်(မြစ်သား)