သာကေတ နိုဝင်ဘာ ၅

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်း ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ခဲ့ပေးပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို နိုဝင်ဘာ (၅)ရက်၊ နံနက်(၁၀)နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာအဆင့်မြင့်အိမ်ရာဝင်း အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူသာသနာ့ပါလဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး)ဦးသန်းအေး၊ သာကေတမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ(လက်ထောက် ညွှန်ကြားရေးမှူး)ဦးညီညီအောင်နှင့် မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး(ဦးစီးအရာရှိ)ဦးသန်းဦးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြသည်။

 

၎င်းနောက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ခဲ့ပေးပြီးသော ရှုခင်းသာရပ်ကွက်မှ(၃၀)ဦး၊ (၅)ရပ်ကွက်မှ (၁၆)ဦး၊ ၆/အရှေ့ရပ်ကွက်မှ (၁၀)ဦး၊ ၁၀/တောင် ရပ်ကွက်မှ (၇၄)ဦး စုစုပေါင်း(၁၃ဝ) တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူး(ဒုတိယညွှန်ကြားရေးမှူး)ဦးသန်းအေး၊ သာကေတမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ(လက်ထောက်ညွှန်ကြားရေးမှူး)ဦးညီညီအောင်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်နှင့် မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး(ဦးစီးအရာရှိ)ဦးသန်းဦးတို့က ပြည်သူများ လက်ဝယ်သို့ပေးအပ်ခဲ့ကြသည်။

 

မြို့နယ် လ-ဝ-က ဦးစီးမှူး (ဦးစီးအရာရှိ) ဦးသန်းဦးမှကျွန်တော်တို့ သာကေတမြို့နယ်အတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးဖို့ လျာထားချက် (၂၂၇၄၂ဦး) ရှိပါတယ်၊ ပန်းခင်းစီမံချက်နဲ့ ကွင်းဆင်းဆောင်ရွက်ပေးတာ အခုဆိုရင် (၁၁၀၂) ဦး ရှိပြီဖြစ်ပါတယ်” ဟု ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြောကြားခဲ့သည်။

                      

ဆောင်းနှင်းဖြူ (ပြန်/ဆက်)