ပင်လောင်း   နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာ အုပ်စု၊ ဆောင်းပြောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယနေ့နံနက်ပိုင်းတွင်  သွားရောက်လှူဒါန်းသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်းပြောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းသည့် SL Oxygen Concentrator (၃)လုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပအို၀်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီးညီညီတင် က ပေးအပ်လှူဒါန်းပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့် ဆောင်းပြောင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာ ဆန်းထူးအောင်တို့က လက်ခံရယူခဲ့‌‌ကြောင်းသိရသည်။

ထွန်းလင်း(ပင်လောင်း)