ဝေါ နိုဝင်ဘာ၅
မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် အသိပညာပေးဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၅ရက်နေ့ နံနက်၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် အသိပညာပေးဆွေးနွေးပွဲတွင် ဝေါမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်မျိုးသိမ်းက အတက်ရောဂါစီမံချက် အကြောင်း အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် အတက်ရောင်ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဗွီဒီယိုပြသကာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အတက်ရောဂါစီမံချက်နှင့်ပတ်သက်၍ ဝေါမြို့နယ်မှ အကူကျန်းမာရေး Volunteer( ၁၀ ) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တစ်နေ့တာ သင်သန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


