ကျောက်တလုံးကြီး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌သက်(၅၅)နှစ်အထက်ပြည်သူ များနှင့်ဦးတည်အုပ်စုအလိုက်ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့ နံ နက် ၉နာရီ မှ စတင်၍ ကက္ကူကျေးရွာ ၊လှိုင်ကွန်းစားသောက်ဆိုင်၌ ဒုတိယ အကြိမ်ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ၊တိုက်နယ်ဆေးရုံမှကျန်းမာရေး ဝန်ထမ်းနှင့်ဟမ်းဆီးကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာဝန်ထမ်းများတို့က ကက္ကူကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စုနှင့် ကျောက်တလုံးမြို့ပေါ်(၆)ရပ် ကွက်မှအသက်(၅၅)နှစ်အထက်ပြည်သူများ၊ သံယာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာ ရှည်ရောဂါနှင့် မကူးစက်နိုင်သည့် ရောဂါရှိသူများအားဒုတိယအကြိမ် (Sinopharm) ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့်ဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့ ကျန်းမာ ရေးဌာမှ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
မြဝင်း(ကျောက်တလုံးကြီး)


