နေပြည်တော် နိုဝင်ဘာ ၅

 

မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အောင်ဆန်းလမ်းတွင် မနီလာဝင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မင်းမင်းကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊ ဆက်လက်၍ ညနေ ၄ နာရီခွဲတွင် ၎င်းငှား ရမ်းနေထိုင်သည့် အမှတ်(၅)ရပ်ကွက်၊ နေအိမ်တန်းလျား၊ အခန်းအမှတ်(၁၁)သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၆၅,၃၂၅ ပြားကိုလည်းကောင်း၊ ထို့နောက် စစ်ဆေးပေါ် ပေါက်ချက်အရ ပူးပေါင်းအဖွဲ့က ညနေ ၅ နာရီတွင် မခက်ခက်အောင် ငှားရမ်းနေထိုင်သည့် အခန်းအမှတ်(၁၂)သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ နှင့် အိုက်စ် သုည ဒသမ ၀၅ ကီလိုတို့ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်နေ ရွှေမောင်၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာ အုပ်စု၊ ချောင်းဆုံ ကျေးရွာနေကျလား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့ ်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)