မြို့သစ်   နိုဝင်ဘာ   ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးလျှင် အဖီးများများကျပြီး ၉ လနှင့် ၁၀ လကြာမှ ငှက်ပျောခိုင်ထွက်ကြောင်း၊ ထို့ကြောင့် စိုက်ခင်းပိုင်ရှင်များက သားတက်ငယ်ငယ်ကိုသာ  အများဆုံး စိုက်ပျိုးကြကြောင်း၊ ငှက်ပျောဆို့များ စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး ၃ လလောက်ဖြင့် ခုတ်၍ ရောင်းချလို့ ရကြောင်း၊ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင် တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၂ ဖီးအထိ ပါရှိ၍ ရောင်းဝယ်သူများအနေဖြင့် ရောင်းသူလည်းကြိုက်၊ ဝယ်သူလည်းကြိုက်ကြောင်း ငှက်ပျောစိုက်တောင်သသူ ဦးဘီအောင်ထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)