အထက်မင်းလှ   နိုဝင်ဘာ   ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၅ ရက်က မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းတွင် သင်ကြားပေးခဲ့သည့် စာတွေ့လက်တွေ့ပညာရပ်များဖြင့် မိသားဝင်ငွေတိုးပွားရေး အသုံးချ‌ ဆောင်ရွက်သွားရန် အမှာစကားပြောကြားပြီး သင်တန်းဆင်းပွဲပြုလုပ်ရာ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြ ဆရာဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ‌‌ ပေးအပ်သည်။

အဆိုပါ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြုလူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၀ အား နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)