ကန်ကြီးထောင့်   နိုဝင်ဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာရှိ တောင်သူဦးစံရွှေ၏ လယ်ဧက၌ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

တောင်သူဦးစံရွှေ၏လယ်ကွက်တွင် ဆင်းသုစပါး အမျိုးအစားအား စိုက်ပျိုးထားပြီး တစ်ဧက စပါးအထွက်နှုန်းမှာ အစို ၁၁၂ တင်းနှင့် အခြောက် ၁၀၃ တင်း ထွက်ရှိကြောင်း သိရပြီး မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ ဒေသခံတောင်သူများလည်း တက်ရောက်ခဲ့ကြသည်။ 

လှမင်းထွဋ်(ပြန်/ဆက်)