ကျိုက်လတ်   နိုဝင်ဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ နိုဝင်ဘာ ၅ ရက်က ရုံးဒေါင့်ကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ၁၅ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ၈၄ ဦး၊ အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် လဲလှယ်သူ ၁၁၆ ဦးနှင့် နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ ထုတ်ပေးမှု ၁၄၃ ဦး စုစုပေါင်း ၃၅၈ ဦးကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)