ဟနွိုင်း နိုဝင်ဘာ ၇

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပတ်မီးရထားလိုင်း ပြေးဆွဲမှုကို မြို့တော်ဟနွိုင်း၌ ယနေ့စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့ပတ်မီးရထားပြေးဆွဲမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

မြို့ပတ်မီးရထားသည် ၁၃ ကီလိုမီတာအကွာ အဝေးရှိသည့် ကတ်လင်ဘူတာရုံနှင့် ယန်နာဟီရာ ဘူတာရုံတို့ကို နေ့စဉ်အသွားအပြန် ပြေးဆွဲမည်ဖြစ်သည်။

မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ များပြားလာခြင်းကြောင့် အဆိုပါမြို့ပတ်မီးရထား ဝန်ဆောင်မှုကို အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်း မီးရထားလမ်းစီမံကိန်းများကိုလည်း ဂျပန်နှင့်တရုတ်နိုင်ငံတို့၏အကူအညီများဖြင့် ဖောက်လုပ်ရန် စီစဉ်ထားလျက်ရှိသည်။

ယခုဖွင့်လှစ်သည့် မြို့ပတ်ရထားလမ်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ၂၀၁၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်