မုံရွာ နိုဝင်ဘာ ၇
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ် အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၆)ရက် ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင်အမျိုးသား ဖူဆယ်ဘောလုံးအသင်းနှင့် မုံရွာခရိုင်အမျိုးသား ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြပြီး ရွှေဘိုခရိုင်အသင်းမှ မုံရွာခရိုင်အသင်းအား (၃)ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ဂိုးသမားအကောင်းဆုံးရရှိသော အားကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ် အားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော အားသစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ် အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲတတိယဆု ရရှိ သော ကောလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ် (၂)သိန်းအားလည်း ကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ပူးတွဲတတိယဆုရရှိသော စစ်ကိုင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့်ငွေသားဆုကျပ်(၂)သိန်းအားလည်းကောင်း အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြိး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယ ဆုရရှိသော မုံရွာခရိုင် အမျိုးသားဖူဆယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသား ဆုကျပ်(၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော ရွှေဘိုခရိုင် အမျိုးသား ဖူဆယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုကျပ်(၅)သိန်းအား ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်