နမ္မတူ နိုဝင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံးကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ္မတူမြို့နယ်၊ မြို့တော်ခန်းမ၌ ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးနှင့် ယာယီပျံကျဈေး အတွင်းရှိ ဈေးရောင်းချသူ (၁၅၅)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ ဈေးရောင်းချသူ ခုနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၇၃၈ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၂ဦး၊ သေဆုံးသူ ၂၃ဦးရှိပြီး ဆေးကုသဆဲ ပိုးတွေ့လူနာ ၃၄ဦးရှိကြောင်း နမ္မတူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လူမော် (ပြန်/ဆက်)


