ကျိုင်းတုံ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အာခါဈေး၌ လာရောက်ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို နိုဝင်ဘာ ၆ ရက်က မိုဘိုင်းရွေ့လျား သွားရောက်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်း ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်းလာစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ကြသူ ၂၀၀ ဦးအား RDT Test Kit ဖြင့် ရှောင်တခင် အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ မတွေ့ရှိကြောင်းသိရသည်။
အလားတူ ကျိုင်းတုံမြို့နယ်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများတွင် နိုဝင်ဘာ ၆ ရက်က RDT Test Kit ဖြင့် လူဦးရေ ၅၃၇ အား အခမဲ့စစ်ဆေးပေးခဲ့ရာ စုစုပေါင်း ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦး စစ်ဆေးတွေ့ ရှိကြောင်းသိရပြီး တာဝန်ရှိသူများက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


