သဲကုန်း နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယမန်နေ့က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက် ကျေးရွာများ၌ ရောဂါကူးစက်မှုများ ရှိနေသည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ Volunteer အဖွဲ့များ နှင့် အတူ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ရွေ့လျား စနစ်ဖြင့် RDT Test Kit စစ်ဆေးခြင်းများကို ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာ ကျေးရွာအုပ်စု၊ ဘော်မြင့်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာအုပ်စု၊ တောညောင်ပင်သာ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာသူ/ ကျေးရွာသား ( ၁၆၇) ဦးအား ကျေးရွာအုပ်စုများ၊ ကျေးရွာများသို့အရောက် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ( ၄ ) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့အထိ ရောဂါပိုး တွေ့ရှိသူ (၁၁၄၀)၊ ရောဂါပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ (၁၀၆၆) ဦး၊ ဆေးရုံတက် လက်ကျန် (၂၅) ဦးနှင့် သေဆုံးသူ (၄၉) ဦးရှိကြောင်း သိရှိရသည်။
နိုင်လင်း (မြို့နယ်ပြန်/ဆက်)