နတ်မောက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း ကျောင်းများယာယီပိတ်ထားခဲ့ပြီး ရောဂါကူးစက်မှုများ ကျဆင်းလာသည့်အတွက် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် နိုဝင်ဘာ(၁)ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ကျောင်းပေါင်း (၂၀၆) ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ (၂၃၇၉)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လှဝင်း(မြို့နယ် ပြန်/ဆက်)


