တံတားဦး ၊ နိုဝင်ဘာ ၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဖွင့်လှစ်ပညာသင်ကြား လျက်ရှိသော အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ စာသင်ကြားချိန် ပိုမိုရရှိနိုင်ရန်အတွက် အပတ်စဉ် စနေနေ့တိုင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းများ ယာယီပိတ်ထားမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားချိန် လျောနည်းသွားသဖြင့် ကလေးငယ်များ စာသင်ယူချိန် ပိုမိုရရှိရန်အတွက် အပတ်စဉ် စနေနေ့တိုင်းကို အခြေခံပညာကျောင်းများ ဖွင့်ရက်အဖြစ် သတ်မှတ်ကာ အစားထိုး၍ ပညာသင်ကြားပေးနိုင်ရေး ကျောင်းများ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား၍သိရသည် ။
သို့ဖြစ်၍ တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး နိုဝင်ဘာ(၆)ရက်မှစ၍ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် ကျောင်းတက်ရက်(၆)ရက်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)


