ဘဂ္ဂဒက် နိုဝင်ဘာ ၈

 

အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီအား ယနေ့နံနက်အစောပိုင်းက ဒရုန်းလေယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမျှမရှိဘဲ အသက်ရှင်လွတ်မြောက်သွားကြောင်း အီရတ် တပ်မတော်က ပြောကြားသည်။

 

ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမျှမရှိ၊ မြို့တော်ဘဂ္ဂဒက်မြို့လယ်ကောင်တွင် အခိုင်အမာ တည်ဆောက်ထားသည့် အစိမ်းရောင်ဇုန်အတွင်းရှိ ဝန်ကြီးချုပ် အယ်လ်ကာဒီမီ၏ နေအိမ်ကို ယနေ့ အရုဏ်တက်ချိန်က ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမျှမရှိဘဲ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း အီရတ်ပူးတွဲ စစ်ဆင်ရေးကွပ်ကဲမှုမီဒီယာရုံးက ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

အီရတ်လုံခြုံရေးတပ်ဖွဲ့သည် အခင်းဖြစ်မှုနှင့်ပတ်သက်၍ လိုအပ်သောအစီအမံများကို လုပ်ဆောင်လျက်ရှိကြောင်း ကြေညာချက်တွင် ထပ်မံဖော်ပြထားသည်။

 

တောင်းဆို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မကြာမီအချိန်အတွင်း ဝန်ကြီးချုပ်အယ်လ်ကာဒီမီက “နေကောင်းပါတယ်ဟု ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြပြီး အီရတ်နိုင်ငံအတွက် လုံခြုံရေးမြှင့်တင်ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။

 

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို လက်ရှိအချိန်အထိ မသိရသေးကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ