ဆိုးလ် နိုဝင်ဘာ ၈
တောင်ကိုရီးယားအစိုးရက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သောက်ဆေးအလုံးရေ ခုနစ်သောင်း ဝယ်ယူမည် ဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီက ယမန်နေ့တွင် ပြောသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သောက်ဆေးအမျိုးအစားဖြစ်သည့် Paxlovid ဆေးသည် ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားနေရသည့် လူနာများအား ရောဂါခုခံနိုင်စွမ်း ပိုမိုမြင့်တက်စေပြီး သေဆုံးမှုနှုန်းကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လက်တွေ့စမ်းသပ် မှုရလဒ်များအရ သိရသည်။
ထို့ပြင် တောင်ကိုရီးယားအစိုးရက Merck & Cဝ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သောက်ဆေးအလုံးရေ နှစ်သိန်း ဝယ်ယူရန်ကိုလည်း အဆိုပါဆေးဝါး ကုမ္ပဏီနှင့် သဘောတူညီပြီးဖြစ်သည်။
တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသောက်ဆေး အမျိုးအစားများ ဝယ်ယူရန် ဝမ် ၃၆ ဒသမ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆၃ သန်း) ကို သုံးစွဲခွင့်ပြုထားသည်။
Pfizer ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Paxlovid ကို ရောင်းချရန် နိုင်ငံပေါင်း ၉၀ နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း Pfizer ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် အဲလ်ဘတ် ဘိုရာက ဆိုသည်။
ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်