ဆီဆိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၃)အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့်ကြောင်းကို နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ထားကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် Local Semi-Lock down ကို နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ သတ်မှတ်ပြီးဖြစ်ရာ လတ်တလော အခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စောင့်ကြည့်ထိန်းချုပ်ရန် လိုအပ်၍ Local Semi-Lock down ကာလကို နိုဝင်ဘာလ (၈)ရက် နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)


