တန့်ယန်း နိုဝင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအား စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကျင်စန်းလွန်နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းနှင့် ပတ်သက်သော ငွေစာရင်းပုံစံများ၊ ငွေစာရင်းဖြည့်သွင်းခြင်းနှင့် ထိန်းသိမ်းနည်းလမ်းများကို သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို တန့်ယန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ခိုယောင်းကျေးရွာအုပ်စု၊ ဟာပွတ်ကျေးရွာမှ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင် ခုနစ်ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို တစ်ရက်ကြာ ဖွင်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


