မိုးညို နိုဝင်ဘာ ၈

          

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မိုးညိုမြို့ ၊ ရွှေဥဒေါင်း ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိခဲ့သည့် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဝန်းအတွင်း၌ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။

             

မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ပင်စင်လစာထုတ်ပေးရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီဆောင်ရွက်ပေးခြင်း၊ စျေးနှင့် စာသင်ကျောင်းများတွင်လည်း ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကူညီဆောင်ရွက်ပေးခြင်း စသည့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                           

ကိုမင်း (မိုးညို)