ညောင်ဦး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ နိုဝင်ဘာ ၈ရက် နံနက်ပိုင်းအချိန်ထိ ၁၇၇၁၂၄ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ၊ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကာကွယ်ဆေးအား လူဦးရေ ၄၈၇၅၅ ဦး၊ ဒုတိယအကြိမ် ၂၆၃၆၀ဦး၊ Sinovac ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူဦးရေ ၃၁၀၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးနှံမှုအဖြစ် လူဦးရေ ၁၂၀၀ ၊ စုစုပေါင်း ၇၉၄၂၁ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်သည်။
ထို့အပြင် ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးပေးနိုင်မှုအဖြစ် လူဦးရေ ၆၃၂၀၉ဦး၊ ဒုတိယအကြိမ်တွင် လူဦးရေ ၃၀၀၀၀ ၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၄၄၉၄ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များတွင် စုစုပေါင်း ၁၇၇၁၂၄ဦးအား ထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


