မော်လိုက် နိုဝင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ကာလတွင် ထင်းရှူး‌ချောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မည့် မြေနေရာအား ခရိုင်နှင့်မြို့နယ်တ ာဝန်ရှိသူများမှ ယနေ့နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ထင်ရှူးချောင်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မည့် မြေနေရာအား ကွင်းဆင်းဆောင်ရွက်ရာတွင် မော်လိုက်ခရိုင် ကျေးလက်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်နှင့် ခရိုင်တာဝန်ခံ အင်ဂျင်နီယာတို့နှင့်အတူ မော်လိုက်မြို့နယ်‌ ကျေးလက်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့ လိုက်ပါပြီး မြေပြင်တွင်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ အခြေအနေအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ထင်းရှူးချောင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း(မြေ+ဂျင်း) အရှည်(၁/၆.၆)မိုင်ဆောင်ရွက်ခြင်း၊ ၎င်းလမ်းပေါ်တွင် အလျားပေ ၂၀၊ အနံ ၁၆ပေ၊ အမြင့် ၁၅ပေရှိ ကွန်ကရစ်တံတား တစ်စင်းနှင့် အလျား ၅ပေ၊ အနံ ၈ပေ၊ အမြင့် ၅ပေရှိ Box Culvert သုံးစင်း‌ဆောင်ရွက်ခြင်းလုပ်ငန်းများအား ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လိုက်မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစီကပြောပြ၍ သိရသည်။

ချစ်ဦးကို