ပင်းတယ နိုဝင်ဘာ ၈
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့နယ်အတွင်း ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ရှိ/ မရှိအား RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပိုးတွေ့အတည်ပြုလူနာ ဦးရေ (၂၀) ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ပင်းတယ မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ (၁၉၀၈) ဦးရှိပြီး ရောဂါသက်သာ ပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရှိသူ (၁၆၇၄) ဦးရှိပြီဖြစ်ကာ၊ လက်ရှိဆေးကုသမှုခံယူနေဆဲဦးရေမှာ( ၂၀၇) ဦးရှိပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း (၂၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ မိမိတို့ပတ်ဝန်းကျင်၌ အတည်ပြုလူနာများနှင့် ထိတွေ့ခြင်းများ၊ သံသယလက္ခဏာများ ဖြစ်ပေါ်လာခြင်းရှိပါက ကျန်းမာရေးဦးစီးဌာန၊ ဖုန်းနံပါတ် (၀၉-၆၆၈ ၈၆၈ ၂၅၈)နှင့် (၀၉- ၇၇၀ ၆၆၃ ၂၇၈) တို့သို့ ဆက်သွယ်အကြောင်းကြားကာ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီအတွင်း Covid-19 RDT ဖြင့် စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)


