သီပေါ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် လားရှိုးမြို့ အခြေစိုက် Save The Children (Child Production) အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သော Hand Gel (လက်သန့်ဆေး) 500ml ဘူး (၅၀)၊ Mask (နှာခေါင်းစည်း)ခုရေ (၁၀၀၀၀)၊ Glove (လက်အိတ်) ခုရေ (၂၀၀၀)၊ Alchohol (အရက်ပြန်) ဘူး (၁၀၀)၊ Alchohol Spray (အရက်ပြန်ဖျန်းဘူး) (၂၀) တို့အား လာရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲပိုင်းက သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းမှ ဆန်အိတ် (၅)အိတ်၊ ဆီပုံး(၂)ပုံး၊ ဟင်းသီးဟင်းရွက်များနှင့် စေတနာရှင် / အလှူရှင် ပြည်သူများမှ  ရေသန့်ဘူး အသေး(၁၅၀)ဘူး ၊ အဝတ်အထည်(၁၀)အိတ်၊ အမျိုးသမီးသုံးပစ္စည်းအထုပ် (၅၀) ၊ ဆန်(၁)အိတ်၊ မုံညှင်းဖြူ (၂)ခြင်း၊  သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေသန့်ဘူးကြီး(၅၀)၊ မုန့်များ လာရောက်လှူဒါန်းခဲ့ကြောင်းသိသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်ရေးနှင့် စားသောက်ရေးကိစ္စများ အဆင်ပြေစေနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်/အလှူရှင်များ၊ ပရဟိတအသင်းများ၊ NGO အဖွဲ့အစည်းများပူးပေါင်း၍  စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)