လားရှိုး နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ သစ်လွင်များ၊ အခြေခံပညာ ဆရာ/ဆရာမ သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ လားရှိုးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်မှူးကျော်မျိုးသူမှ Mask (၅၀၀၀) နှင့် မူဆယ်မြို့‘ကျော်’ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Face Shield (၄၀၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါမွမ်းမံသင်တန်းကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၄၅)ဦးမှ သင်တန်းသား ဆရာ/ဆရာမ (၃၆၆)ဦးတို့ကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ လေ့ကျင့်သင်ကြားသွားမည်ဖြစ်သည်။ 

ခရိုင်(ပြန်/ဆက်)