မြိတ် နိုဝင်ဘာ ၈

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မြိတ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ / သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းကို နည်းပြ/သရုပ်ပြ ဆရာ/ဆရာမသစ်လွင်(၄၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေ ဖြင့် နိုဝင်ဘာလ(၈)ရက်မှ ဒီဇင်ဘာလ(၈)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ပညာရေး စီမံခန့်ခွဲမှုမိတ်ဆက်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့် ဝန်ထမ်းရေးရာ၊  သုတေသန၊ သင်ကြားရေး အရည်အသွေး မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဘာသာရပ်များ စသည့်တို့ကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်၍ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)