ဘိုကလေး နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ကြီးမှူး၍ ဌာနဝန်ထမ်းများနှင့်အတူ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေးအတွက် ယခုနှစ် မေလ(၃)ရက်နေ့မှစ၍ ရုံးပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးနေသည့်အပြင် ကျေးရွာများ အရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ အောက်တိုဘာ(၇) ရက်နေ့၌ စက်ဆန်းကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ဝေပေးခဲ့သည်။
ထုတ်ဝေပေးရာတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြား လုံးဝမပြုလုပ်သေးရသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများ စုစုပေါင်း(၂၅၇)ဦးအား ထုတ်ဝေပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများကိုလည်း သတ်မှတ်ဥပဒေများနှင့်အညီ ဆက်လက်ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


