ပုဂံ နိုဝင်ဘာ ၈

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်တွင် နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့်  ထနောင်းပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်နေကြောင်းသိရ၍ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့၊ အမှတ်(၅)နယ်မြေ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပုဂံလူမှုကယ်ဆယ်ရေး ပရဟိတ အဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ပြည်သူ့အကျိုးပြု စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် လဲကျသည့် ထနောင်းပင်မှာ ပင်စည်လုံးပိတ် ၄ ပေခွဲ ၊ အမြင့် ၂၅ ပေ ရှိပြီး နှစ်သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်ကြောင်း သိရကာ ယနေ့မွန်းလွဲပိုင်းက ပုဂံနယ်မြေ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဥက္ကာ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့၊ အမှတ် (၅) နယ်မြေ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံလူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင်ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ထနောင်းပင်လဲကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )