ပြည် နိုဝင်ဘာ ၈

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ယနေ့နံနက် ၉နာရီက ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အဆင့် သီချင်း ဆိုပြိုင်ပွဲ ကျင်းပသည်။

 

ပြိုင်ပွဲတွင် ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်း အစရှိသည့်ပြည်ခရိုင်ခြောက်မြို့နယ်မှ ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ ဦး ဝင်‌ရောက် ယှဉ်ပြိုင် ကြပြီး တစ်ဦးလျှင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် သီချင်းတစ်ပုဒ်စီနှင့် ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်စီ သီဆိုယှဉ်ပြိုင်ကြပြီး ယင်းပြိုင်ပွဲဝင်များအနက် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရန် ပထမ၊ ဒုတိယနှင့် တတိယအကောင်းဆုံး ပြိုင်ပွဲဝင်များကို ရွေးချယ်‌ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းဦး နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ပြည်မြို့ရှိတက္ကသိုလ်အသီးသီးမှ သက်ဆိုင်ရာ ဆရာ/ဆရာမများက အကဲဖြတ်အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

 

ကိုဆက်