မိုင်းရယ် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က သံသယလူနာများအဖြစ် ရောက်ရှိလာသူ ၁၅၃ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၉၉ ဦး၊ သေဆုံးလူနာ ၅ ဦး၊ ဆေးကုသမှုမခံယူခဲ့သူ ၁ ဦးနှင့် ဆေးရုံ၊ မိခင်နှင့် ကလေးဆေးခန်းနှင့် မူကြိုကျောင်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသူ ၂၇ ဦးရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျော်ဇင်ထိုက်(ပြန်/ဆက်)


