ကျောက်ကြီး နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို နိုဝင်ဘာ ၈ ရက်က ရွာကြီးအင်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်စပ်လျည်းသည့် အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာတွင်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ စသည့် အကြောင်းအရာများကို ကဏ္ဍအလိုက်ရှင်းလင်းပြောကြားကာ အစည်းအဝေးတက်ရောက်သည့် ကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို မြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသား (၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး


