မိုင်းခုတ် နိုဝင်ဘာ ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံအတွက် Oximeter (၅)လုံးနှင့် အထာက်အကူပြုဆေးဝါးများကို ယမန်နေ့က အလှူရှင်များက လာရောက် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

           

မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ လူနာများအား ဆေးကုသမှုပေးရာတွင် အထောက်အကူဖြစ်စေရန် ရွှေရေကန်ကုမ္ပဏီမှ တာဝန်ရှိသူများက Oximeter(၅)လုံးနှင့် အထာက်အကူပြုဆေးဝါးများကို လာရောက်လှူဒါန်းပေးခဲ့ရာ မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဆရာမ ဒေါ်နှင်းနှင်းအေးက လက်ခံရယူခဲ့ပြီး လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

မိုင်းခုတ်မြို့၌ နိုဝင်ဘာလ ပထမပတ်အတွင်းကစတင်၍ အမှတ်(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ပိုးတွေ့လူနာဦးရေ(၃၀) အထိ တွေ့ရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းများ လျော့နည်းကျဆင်းစေရန် စောင့်ကြည့်ထိန်းချုပ် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် အမှတ်(၃)ရပ်ကွက်အား နိုဝင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ အသွားအလာကန့်သတ် Semi Lock down (၁)လ ချထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အားချာ‌