သရက် နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမခြောက်လ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သရက်မြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာ ၆ ရွာတွင် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၆၀၀ ရင်းနှီးမြှုပ်နှံမှုဖြင့် ပိတောက်ပင်ကျေးရွာ၊ ရေဘွက်ကျေးရွာ၊ အုန်းပင်လှကျေးရွာ၊ သဖန်းခုံကျေးရွာ၊ ကြီးကန်ကျေးရွာနှင့် ကိုးပင်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာသူကျေးရွာများ ဦးဆောင်၍ မိမိတို့ကျေးရွာ၏ အခြေခံလိုအပ်ချက်များကို ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်ထံမှ သိရသည်။
ကိုလှိုင်(ကျေးလက်)


