နတ်မောက် နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ( ၁ ဒသမ ၁)ပေခန့် ရေကျော်ကျကြောင်း  နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ(၈)ရက်တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိ ရေအမှတ်( ၆၈၄ ဒသမ ၁)ပေရှိ၍ ( ၁ ဒသမ ၁ )ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့ နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၄ ဒသမ ၁)ပေရှိပြီး ရေပိုလွှဲမှ (၁ ဒသမ ၁) ပေ  ရေကျော်ကျကြောင်း သိရသည်။

 

နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများရှိနေသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံ ပြည်သူများသိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရတမံနှင့်တမံ ဆက်စပ်ရေအား အဆောက်အအုံများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။

 

သင်းသင်းမြတ်(နတ်မောက်ပြန်/ဆက်)