မိုးညို နိုဝင်ဘာ

 

 ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းလာသဖြင့်  ယနေ့  နံနက်()နာရီမှစတင်၍ ယာယီသားငါးဈေးအား မြို့မစည်ပင်သာယာဈေးကြီးအတွင်း ပြန်လည်ပြောင်းရွှေ့ ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

 

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ဇူလိုင်လ ၆ရက်နေ့မှစ၍ သားငါးစျေးအား ဇောတိကရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်ထားခဲ့ရာမှ ယနေ့တွင် မြို့နယ်စည်ပင်သာယာ စျေးကြီးအတွင်းသို့ပြန်လည် ပြောင်းရွှေ့ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။

 

မြို့မဈေးကြီးအတွင်း စျေးရောင်းချရာတွင် ယခင်က နံနက်()နာရီမှ မွန်းတည့်(၁၂)နာရီထိသာ ဈေးရောင်းချခွင့်ပြုခဲ့ပြီး ယခုအခါ နံနက်() နာရီမှ နေ() နာရီထိ ဈေးရောင်းချခွင့်ပြုခဲ့သည်။

ဈေးပြောင်းရွှေ့ရောင်းချရာတွင် စျေးရောင်းစျေးဝယ်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ ရောင်းချရန်နှင့် ဝယ်ယူကြရန်၊ Mask များစနစ်တကျ တပ်ဆင်ရောင်းချရန်၊ လက်ဆေးဘေစင်ထားရှိမှု၊ စျေးဆိုင်ခန်းများအနေဖြင့် သတ်မှတ်အကာအရံများဖြင့်ရောင်းချရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချကြရန်နှင့် အဆိုပါစျေးရောင်းချနေမှုများအားမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှအမှုဆောင်အရာရှိဒေါ်သက်သက်မာနှင့်ဝန်ထမ်းများ၊စျေးတာဝန်ခံနှင့်စျေးကော်မတီဝင်များကသတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိ လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားလိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

 

ကိုမင်း ( မိုးညို)