မဘိမ်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မလှိုင်ကုန်းကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် မလှိုင်ကုန်းကျေးရွာနှင့် အင်လှော်ကျေးရွာများမှ နိုင် ၃ (က) ပြုလုပ်သူ (၁၆) ဦး၊ နိုင် ၆ (က) ပြုလုပ်သူ (၆) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၈) ဦး၊ အိမ် ထောင်စု မိတ္တူပြုလုပ်သူ (၁၆) ဦး၊ စုစုပေါင်းလူဦးရေ (၄၆) ဦးနှင့် အိမ်ထောင်စု (၃၄၇) စုတို့အား အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ မွေးတိုးစာရင်းများ ဆောင်ရွက်ပေးခြင်း၊ သေးဆုံးစာရင်းများ ပယ်ဖျက်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်း အသစ်ထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိနေသော ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)


